အိမ်သာခွက်ထဲမှာခေါင်းစွပ်နေတဲ့(2)နှစ်အရွယ်သမီးလေးကိုမီးသတ်သမားများကယ်တင်ပေးလိုက်ရတဲ့အဖြစ်
အသက်(37)နှစ်အရွယ် Kay Stewart ဆိုတဲ့အမျိုးသမီးဟာ၊သူမရဲ့အသက်(2)နှစ်အရွယ် Harper ဆိုတဲ့သမီးလေးကိုလေ့ကျင့်ပေးဖို့အထိုင်သင်တဲ့အိမ်သာခွက်လေးကိုဝယ်ယူပေးခဲ့ပါတယ်။ Harper လေးကတော့မိခင်ဖြစ်သူမရိပ်မိတဲ့အချိန်မှာပဲ၊အိမ်သာခွက်လေးကိုဆော့စရာထင်ပီးခေါင်းမှာစွပ်လိုက်ပါတယ်။
ထို့​နောက် Harper တစ်ယောက်ခေါင်းပြန်ထုတ်မရပဲခံနေခဲ့ပါတယ်။ Harper ရဲ့အဖြစ်ကိုတွေ့ခဲ့တဲ့အမဖြစ်သူကတော့ချက်ချင်းပဲမိခင်ဖြစ်သူ Kay ကိုအော်ခေါ်ခဲ့ပါတယ်။မိခင် Kay လဲ Harper လေးရဲ့ခေါင်းကိုနည်းလမ်းအမျိုးမျိုးသုံးပီးဆွဲထုတ်ပေမဲ့မရခဲ့ပါဘူး။
ထို့နောက်ကြံရာမရတဲ့အဆုံး မိခင် Kay ကဒေသဆိုင်ရာမီးသတ်အဖွဲ့ကိုဖုန်းဆက်အကူညီတောင်းခဲ့ရပါတော့တယ်။ဖုန်းဆက်ပီးမိနစ်ပိုင်းအတွင်းမီးသတ်သမားများရောက်လာခဲ့ပီး၊သမီးလေး Harper ကိုအန္တရာယ်ကင်းစွာကယ်ထုတ်နိုင်ခဲ့ကြပါတယ်။သမီးလေး Harper ရဲ့အဖြစ်ကို​တေ့ာမိခင် Kay နဲ့မီးသတ်သမားများကရီမောရုံမှတစ်ပါးမတတ်နိုင်ခဲဲ့ကြပါဘူး။
Everonline
Zawgyi
Everonline
အိမ်သာခွက်ထဲမှာခေါင်းစွပ်နေတဲ့(2)နှစ်အရွယ်သမီးလေးကိုမီးသတ်သမားများကယ်တင်ပေးလိုက်ရတဲ့အဖြစ် Read More
မိသားစုဝင်များကသူမရဲ့စျာပနပွဲကိုကျင်းပနေကြတုန်းမှာပဲ၊အရှင်လတ်လတ်အိမ်ကိုပြန်ရောက်လာခဲ့တဲ့အမျိုးသမီးကြောင့်ကြက်သီးထခဲ့ကြတဲ့အဖြစ်
အိန္ဒိယနိုင်ငံ Chennai ဒေသမှာနေထိုင်တဲ့အသက်(72)နှစ်အရွယ်အမျိုးသမီးဟာ၊နေအိမ်နဲ့(22km)အဝေးမှာရှိတဲ့ဘုရားကျောင်းကိုသွားဦးမယ်ဆိုပီး၊မိသားစုဝင်များကိုပြောသွားခဲ့ပါတယ်။ထို့နောက်သူမထွက်သွားပီးမကြာခင်မှာပဲ၊အမျိုးသမီးကြီးတစ်ဦးရထားတိုက်ခံရတဲ့သတင်းဟာပတ်ဝန်းကျင်မှာပျံ့နှံ့ခဲ့ပါတယ်။ထိုသတင်းကြောင့်အိမ်ပြန်ရောက်ရမဲ့အချိန်မရောက်လာသေးတဲ့သူမကိုစိုးရိမ်ကြတဲ့မိသားစုဝင်များက၊ထိုအက်ဆီးဒင့်ဖြစ်တဲ့အခင်းဆီကိုသွားကြည့်ခဲ့ပီးနောက်၊သူမဝတ်သွားတဲ့အက်ျီနဲ့ယခုအခင်းဖြစ်တဲ့အမျိုးသမီးဝတ်ထားတဲ့အရောင်ဆင်တူနေတာကိုတွေ့ရှိလိုက်ရတာကြောင့်၊မိခင်ဖြစ်သူလို့ထင်သွားခဲ့ပီးငိုကြွေးခဲ့ကြပါတယ်။
ထိုအခင်းမှာဖြစ်သွားတဲ့အမျိုးသမီးဆိုသူရဲ့မျက်နှာကတော့ဖော်ပြမရအောင်ပျက်စီးနေခဲ့လို့၊သူမရဲ့မိသားစုဝင်များကအက်ျီအရောင်ကြည့်ပီးသူမလို့တထစ်ချယုံကြည်ခဲ့ ကြတာပါ။ထို့နောက်အလောင်းကိုအိမ်ပြန်ယူခဲ့ကြပီး၊စျာပနပွဲကျင်းပဖို့ပြင်ဆင်ခဲ့ကြပါတယ်။ထိုကဲ့သို့စျာပနပွဲပြင်ဆင်ကျင်းပနေတဲ့အချိန်မကြာခင်မှာပဲ၊မိသားစုဝင်များမထင်ထားတဲ့သူမဟာအရှင်လတ်လတ်အိမ်ပြန်လာတာကိုတွေ့ရှိလိုက်ရတာကြောင့်၊အံ့သြခဲ့ကြပီးကြက်သီးများထခဲ့ကြပါတယ်။ထို့နောက်သူမဟာမသေသေးကြောင်း၊သူမဟာလူစင်စစ်ဖြစ်ကြောင်းအော်ပြောခဲ့ပီး​နောက်၊စစ်ဆေးချက်အရသိလိုက်ရတာကသူမရဲ့မိသားစုဝင်များခေါ်ပြန်လာတဲ့အမျိုးသမီးအလောင်းဟာအခြားသူဖြစ်နေတာကိုသိရှိလိုက်ရပီး၊ချက်ချင်းပဲသက်ဆိုင်ရာဆေးရုံကိုပြန်ပို့ခဲ့ကြတယ်လို့သိရပါတယ်။
Everonline
Zawgyi
မိသားစုဝင်များကသူမရဲ့ဈာပနပွဲကိုကျင်းပနေကြတုန်းမှာပဲ၊အရှင်လတ်လတ်အိမ်ကိုပြန်ရောက်လာခဲ့တဲ့အမျိုးသမီးကြောင့်ကြက်သီးထခဲ့ကြတဲ့အဖြစ်
Everonline
မိသားစုဝင်များကသူမရဲ့စျာပနပွဲကိုကျင်းပနေကြတုန်းမှာပဲ၊အရှင်လတ်လတ်အိမ်ကိုပြန်ရောက်လာခဲ့တဲ့အမျိုးသမီးကြောင့်ကြက်သီးထခဲ့ကြတဲ့အဖြစ် Read More
ဓာတ်ဆီကုန်သွားလို့ ဆိုင်ကယ်တွန်းပြီး လမ်းလျောက်ခဲ့ရတဲ့ သခင်ကို ဆိုင်ကယ်ရဲ့ နောက်ဘက်ကနေ ကူတွန်းပေးခဲ့တဲ့ ချစ်စဖွယ်ခွေးလေး၂ ကောင်
ခွေး ၂ ကောင်က ၎င်းတို့ရဲ့ပိုင်ရှင်ကို ကူညီနေတဲ့ ဗီဒီယိုဖိုင်ဟာ ၎င်းတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ပါးနပ်မှုကြောင့် ပျံ့နှံ့မှုဖြစ်ပွါးခဲ့ပါတယ်။ ရှေးယခင်ကတည်းက ခွေးများဟာ လူသားရဲ့ အထူးမိတ်ဆွေအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်းတို့ရဲ့ ပိုင်ရှင်များနဲ့ အခက်အခဲများကို ဘယ်လိုမျှဝေရမဇာကို သိရှိတာက လူများကို အံ့ဩစေခဲ့ပါတယ်။ မကြာသေးမီက သခင်ရဲ့ ဆိုင်ကယ် ရုတ်တရက် ဆီကုန်သွားတာကြောင့် တွန်းပြီး လမ်းလျှောက်ခဲ့ရပါတယ်။
ဆိုင်ကယ်ရဲ့နောက်ဘက်မှာ ခွေးနှစ်ကောင်က တွန်းကူနေတာက်ု မြင်တွေ့ရတော့ အံ့ဩမိခဲ့ပါတယ်။ ဒီခွေး ၂ကောင်ရဲ့ ကိုယ်ဟန်အနေအထားက နည်းနည်းရယ်စရာကောင်းပေမယ့် သူတို့ရဲ့လှုပ်ရှားမှုက တစ်ယောက်ကိုတစ်ယောက် အနှောက်အယှက်မဖြစ်ဘဲ အတော်လေးလွယ်ကူပါတယ်။
၎င်းပိုစ်ကို တင်ပြီးပြီးချင်းမှာပဲ အဆိုပါဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ လူတော်တော်များများက လိမ္မာပါးနပ်တဲ့ ဒီခွေး ၂ ကောင်ကိုလည်း ချီးကျူးပါတယ်။
Zawgyi
.
Jasmine(NIKHIT)
ဓာတ်ဆီကုန်သွားလို့ ဆိုင်ကယ်တွန်းပြီး လမ်းလျောက်ခဲ့ရတဲ့ သခင်ကို ဆိုင်ကယ်ရဲ့ နောက်ဘက်ကနေ ကူတွန်းပေးခဲ့တဲ့ ချစ်စဖွယ်ခွေးလေး၂ ကောင် Read More
မင်္ဂလာပွဲနေ့မှာ ပျော်လွန်းလို့ hip-hop အက ကရင်း သတို့သားမိသားစုကို ကြိုဆိုခဲ့တဲ့ သတို့သမီး
မင်္ဂလာပွဲနေ့မှာ ပျော်ရွှင်ကြပေမဲ့ သတို့သမီးတွေဟာ လူအများရှေ့မှာ တည်ငြိမ် ၊ ရင့်ကျက်ပြီး ကျက်သရေရှိစွာနဲ့ လှလှပပ နေထိုင်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ယခုဖော်ပြမဲ့ သတို့သမီးကတော့ လူအများထင်မှတ်ထားတာနဲ့ အတော်လေးကွဲလွဲနေခဲ့ပါတယ် ။
အကြောင်းကတော့ မင်္ဂလာပွဲနေ့မှာ သူမဟာ အဖြူရောင်သတို့သမီးဝတ်စုံ နဲ့ မိတ်ကပ်တွေကို လှပသေသပ်အောင်ပြင်ဆင်ထားခဲ့ပေမဲ့ လက်ဆောင်ပစ္စည်းတွေနဲ့ ရောက်ရှိလာတဲ့ သတို့သားရဲ့ မိသားစုဝင်တွေကို hip-hop အက ကပြရင်း ကြိုဆိုခဲ့လို့ပါ ။ ချက်ချင်ပဲ သူမရဲ့ ကပြဖျော်ဖြေနေတဲ့ video ဟာ social media ပေါ်မှာ အတော်ပျံ့နှံ့သွားခဲ့ပါတယ် ။
သတို့သမီးက လှပချောမောနေခဲ့ပေမဲ့ သူမရဲ့ ပျော်ရွှင်မှုတွေကို ဖုံးကွယ်မထားနိုင်ဘဲ ဆွေမျိုး နဲ့ မိတ်ဆွေရှေ့မှာ ကပြဖျော်ဖြေခဲ့တာပါ ။ ဒါကြောင့် လူအချို့က သတို့သမီးရဲ့ ကပြဖျော်ဖြေမှုကို ချီးကျူးခဲ့ကြသလို အချို့ကြတော့လည်း ကိုယ့်ရဲ့ပွဲမှာ ကိုယ့်မျက်နှာကိုယ်ပျက်အောင် လုပ်နေသူဆိုပြီး ဝေဖန်ပြစ်တင်ခဲ့ကြပါတယ် ။
Zawgyi
Jasmine(NIKHIT)
မင်္ဂလာပွဲနေ့မှာ ပျော်လွန်းလို့ hip-hop အက ကရင်း သတို့သားမိသားစုကို ကြိုဆိုခဲ့တဲ့ သတို့သမီး Read More
ဈေးသက်သာလွန်းတဲ့ အလှပြင်ဆိုင်ကြောင့် မျက်ခုံးလေးခု ပိုင်ဆိုင်သွားခဲ့ရတဲ့ အမျိုးသမီးရဲ့အဖြစ်
အခုနောက်ပိုင်း အမျိုးသမီးတွေ အတော်များများဟာ မျက်ခုံးမွှေးတက်တူးထိုးလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်နိုင်ငံရှိ Nipapron အမည်ရှိတဲ့ အမျိုးသမီးရဲ့အဖြစ်ကတော့ အတော်သနားဖို့ ကောင်းလွန်းလှပါတယ် ။ သူမဟာ အခြားသူတွေရဲ့ မိတ်ဆက်ပေးမှုကြောင့် ဈေးသက်သာတဲ့ အလှပြင်ဆိုင်တစ်ခုမှာ ဘတ်ငွေ 1500 နဲ့ မျက်ခုံးတက်တူးထိုးခဲ့ပါတယ် ။
တက်တူးထိုးပြီးလို့ မှန်ကြည့်လိုက်ချိန်မှာတော့ အသက်ရှုလို့ မရတော့ေလောက်အောင် သူမရဲ့မျက်ခုံးတွေကိုကြည့်ပြီး ထိတ်လန့်သွားခဲ့ရပါတယ် ။ အကြောင်းကတော့ မျက်ခုံးဟာအတော်ရုပ်ဆိုးလွန်းလှပြီး လေးခုတောင်ဖြစ်နေခဲ့လို့ပါပဲ ။ သူမကလည်း ဆိုင်ရှင်ကို စိတ်ဆိုးပြီး ပြန်ပြုပြင်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
ဆိုင်ရှင်က နောက်ရက်ကျရင် ပြန်ပြင်ပေးမယ်ပြောပြီး နောက်ရက်သူမဆိုင်သို့ သွားခဲ့ချိန်မှာတော့ ဆိုင်ဟာ လုံးဝပိတ်ထားခဲ့တဲ့အပြင် ဖုန်းလည်း လုံးဝဆက်သွယ်လို့မရခဲ့ပါဘူး ။ ဒါကြောင့် သူမလည်းအဆိုပါ မျက်ခုံးမွေးပုံစံနဲ့ အပြင်မထွက်ရဲတော့လောက်အောင်ဖြစ်ခဲ့ရပါတယ် ။
သူမဟာ မျက်ခုံးပုံစံကိုပြန်ပြုပြင်ဖို့ ဆိုင်မျိုးစုံသို့ သွားခဲ့ပေမဲ့လည်း လက်ခံပေးမဲ့သူမရှိလို့ နောက်ဆုံး သူမအဖြစ်ကို သနားသွားတဲ့ ဆိုင်ရှင်တစ်ဦးနဲ့ တွေ့ဆုံခဲ့ရပြီး အချိန် 3 လကြာ ပြုပြင်ခဲ့ရတဲ့အပြင် ဘတ်ငွေ 15000 ကုန်ကျခဲ့ရကြောင်းလည်း သိရပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့မျက်နှာအလှနဲ့ ပက်သက်ပြီး ပြုပြင်ပြောင်းလဲမယ်ဆိုရင် အတွေ့အကြုံများပြီး professional ဆန်ကာ ၊ တာဝန်ယူ တာဝန်ခံမှုအပြည့်ရှိတဲ့ ဆိုင်တွေကိုသာ ရွေးချယ်သင့်ပါတယ် ။ ပြင်လို့မရတဲ့ အရာတွေဖြစ်သွားနိုင်တာမို့ ဈေးသက်သာတယ်ဆိုတိုင်းကို သွားရောက်ပြုပြင်တာမျိုး မပြုလုပ်သင့်ကြောင်း သတိပေးလိုက်ရပါတယ် ။
Zawgyi
Jasmine(NIKHIT)
ဈေးသက်သာလွန်းတဲ့ အလှပြင်ဆိုင်ကြောင့် မျက်ခုံးလေးခု ပိုင်ဆိုင်သွားခဲ့ရတဲ့ အမျိုးသမီးရဲ့အဖြစ် Read More
13 နှစ်ခန့်ကြာသည်အထိ လမ်းမလျှောက်နိုင်တဲ့ဖခင်ကို သွားလေရာခရီးတိုင်း ခေါ်ဆောင်သွားလေ့ရှိတဲ့ သမီးလိမ္မာလေး
သားသမီးတွေ ကြီးလာလို့ အားကိုးယုံကြည်ရတဲ့အချိန်ဆို မိဘတွေတိုင်းက ပျော်ရွှင်မိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ကောင်မလေးတစ်ဦးဟာ လမ်းမလျှောက်နိုင်ဘဲ ဝီးရှဲနဲ့သာ သွားလာနေရတဲ့ သူမရဲ့ဖခင်ကို လှပလွန်းတဲ့နေရာသို့ အပျော်ခရီးခေါ်ထွက်ရင်း အဆိုပါ video ကို online ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။
သူမရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ ဖခင်ဖြစ်သူကို ပိုးချီသွားဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမဲ့ နောင်ပိုင်းမှာ သူမကြိုးစားပြီး လှပတဲ့နေရာတွေဆီသို့ ဖခင်ဖြစ်သူကို အရောက်ခေါ်သွားပြနိုင်ခဲ့ပါတယ် ။ အဆိုပါ video လေးဟာ လူအတော်အများရဲ့ ရင်ကိုလှုပ်ခတ်သွားစေခဲ့ပြီး ဖခင်အပေါ်သိတတ်လွန်းတဲ့ သမီးလေး ဆိုပြီး လူအများကချီးကျူးခဲ့ကြပါတယ် ။
သူမရဲ့ဖခင်ဟာ လမ်းမလျှောက်နိုင်ခဲ့တာ 13 နှစ်ခန့်ရှိခဲ့ပါပြီ ။ ဒါကြောင့် လွန်ခဲ့တဲ့ 10 စုနှစ်အတွင်း သူမရဲ့ဖခင်ဟာ နေအိမ်ကျဉ်းလေးထဲမှာသာ အချိန်ကုန်ဆုံးနေခဲ့ရတာပါ ။ နောက်ပိုင်း သူမအလုပ်ရပြီး ငွေအလုံအလောက်ရှာဖွေနိုင်ခဲ့ချိန်မှာတော့ အခုလို ဖခင်ဖြစ်သူကို နေအိမ်ကနေ ခေါ်ထွက်ပြီး အမြဲ ခရီးထွက်ပြီး စိတ်အပန်းပြေနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် သူမအတိုင်း လူငယ်တွေလည်း မိဘတွေအပေါ် အချိန်ပေးပြီး နွေးထွေးစွာ ဆက်ဆံပေးနိုင်ကြဖို့ အတုယူနိုင်အောင် ဖော်ပြလိုက်ရပါတယ် ။
Zawgyi
Jasmine(ZIKHIT)
13 နှစ်ခန့်ကြာသည်အထိ လမ်းမလျှောက်နိုင်တဲ့ဖခင်ကို သွားလေရာခရီးတိုင်း ခေါ်ဆောင်သွားလေ့ရှိတဲ့ သမီးလိမ္မာလေး Read More
ကလေး 3 ယောက်မွေးပြီး ကိုယ့်အလေးချိန် အဆမတန်တက်သွားခဲ့တဲ့ ဇနီးအပေါ် အချစ်မပျက်ခဲ့တဲ့ ခင်ပွန်း
ဗီယက်နမ်နိုင်ငံမှာ နေထိုင်တဲ့ Ms. Ha အမည်ရှိတဲ့ အသက် 37 နှစ်အရွယ်အမျိုးသမီးဟာ ကလေး 3 ယောက်မွေးဖွားပြီးနောက်မှာတော့ ကိုယ်အလေးချိန် အဆမတန်တက်သွားခဲ့ပါတယ် ။ သူမဟာ ခင်ပွန်းဖြစ်သူ အကူအညီရအောင် ခေါက်ဆွဲစက်ရုံမှာ အလုပ်လုပ်ကိုင်ရင်း ကလေးတွေကိုလည်း ထိန်းကျောင်းကာ မိခင်ဖြစ်သူကိုလည်း စောင့်ရှောက်နေသူတစ်ဦးပါ ။
.
သူမရဲ့အိမ်မှာ ကိုယ်အလေးချိန်တဲ့စက်မရှိလို့ စက်ရုံရောက်တော့ ကိုယ်အလေးချိန်တိုင်းကြည့်ခဲ့ချိန်မှာတော့ ကိုယ်အလေးချိန် 170 kg ခန့်ရှိမှန်း အံ့အားသင့်ဖွယ်တွေ့ခဲ့ရတာပါ ။ သူမဟာ ငယ်ရွယ်စဉ်က အခြားသောအမျိုးသမီးတွေထက် သေးသွယ်သူတစ်ဦးဖြစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ခင်ပွန်းဖြစ်သူက နှစ်ယောက်အတူအိပ်လို့ရအောင် အခုဆိုရင် ကွန်ကရစ်နဲ့ပြုလုပ်ထားတဲ့ကုတင်ကို ဖန်တီးခဲ့ပါတယ် ။
.
ဒါ့အပြင် သူမအပေါ်မေတ္တာမလျော့ဘဲ အခုချိန်ထိ ညအိပ်စက်ရင် သူမကို ပွေ့ဖက်နေဆဲပါ ။ ခင်ပွန်းဖြစ်သူကတော့ သူမအပေါ် မည်သည့်ပြောင်းလဲမှုမျိုးမှမတွေ့ရှိဘဲ အရင်တိုင်တာ ချစ်နေခဲ့ကြောင်း ၊ သူမ ခံစားချက်ကို ထိခိုက်နာကျင်စေမဲ့ စကားမျိုး လုံးဝမပြောဆိုခဲ့ကြောင်း သိရပါတယ် ။ လက်ရှိမှာတော့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းဟာ 10 နှစ်ခန့်ရှိသွားခဲ့ပြီး အခက်အခဲမျိုးစုံကို အတူရင်ဆိုင်ဖြတ်သန်းနေကြကြောင်း သိရပါတယ် ။
Zawgyi
.
Jasmine(NIKHIT)
ကလေး 3 ယောက်မွေးပြီး ကိုယ့်အလေးချိန် အဆမတန်တက်သွားခဲ့တဲ့ ဇနီးအပေါ် အချစ်မပျက်ခဲ့တဲ့ ခင်ပွန်း Read More
ခြေတစ်ဖက်သာရှိပေမဲ့ မိုးရွာတဲ့နေ့မှာ မြေးလေးကို ကျောင်းရှေ့ထိ သွားကြိုပေးခဲ့တဲ့ အဘိုး
ကိုယ့်အပေါ် မိဘတွေနဲ့မခြား ချစ်ခင်စောင့်ရှောက်ပေးကြသူတွေထဲမှာ ဘိုးဘွားတွေလည်း ပါကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အဘိုးတစ်ဦးဟာ ခြေတစ်ဖက်သာ ရှိပြီးမသန်စွမ်းပေမဲ့ မြေးလေးကို ချစ်ခင်လွန်းတဲ့စိတ်ကြောင့် မိုးရွာတဲ့နေ့လေးမှာ ကျောင်းရှေ့အထိ သွားရောက်ကြိုခဲ့ပါတယ် ။
မြေးလေးမိုးမစိုအောင် စက်ဘီးလေးနဲ့သွားကြိုခဲ့ပြီး မြေးလေးက သူ့ရဲ့နောက်ကနေ အေးဆေးစွာစက်ဘီး လိုက်စီးသွားလိုက်ရုံပါပဲ ။
အဆိုပါ video clip လေးဟာ လူအတော်အများရဲ့ စိတ်ကိုလှုတ်ခတ်သွားစေခဲ့ပြီး သားသမီးတွေသာမက မြေးလေးတွေအပေါ်မှာ ထားရှိတဲ့ အဘိုးအဘွားတွေရဲ့ စိတ်နေစိတ်ထားကို အထင်းသားကြီးပေါ်လွင်စေခဲ့လို့ပါ ။ အဘိုးရဲ့ချစ်မေတ္တာကို အပြည့်အဝရရှိထားတဲ့ ကံကောင်းလွန်းတဲ့ ကောင်လေး လို့ ပြောရမှာပါပဲလေ ။
Zawgyi
Jasmine(NIKHIT)
ခြေတစ်ဖက်သာရှိပေမဲ့ မိုးရွာတဲ့နေ့မှာ မြေးလေးကို ကျောင်းရှေ့ထိ သွားကြိုပေးခဲ့တဲ့ အဘိုး Read More